ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၁၇

     ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးစီးခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘားအံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းသန်းသန်း လွင်၊ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များဖြစ်သော စောမိုးမြင့်၊ စောသန်းထွဋ်နှင့်အဖွဲ့သည် ဇွန် ၁၆ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

     အဆိုပါအဖွဲ့သည် ဘားအံမြို့နယ်သံလွင်မြစ်အနောက် ဘက်ခြမ်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လမ်းပိုင်းများဖြစ်သော ကြို့ပင်ဆိပ်-ဖလန်တောင်-ပျဉ်းမပင်ဆိပ်လမ်း (၃၂/၁)မိုင်အနက် (၃/၄)မိုင် ကတ္တရာခင်းခြင်း၊ (၁/၂)မိုင်ကွန်ကရစ် ခင်းခြင်း၊ မဲလန်-နော်သရေး-ထီးဖိုးနဲ ကျောက်လမ်း(၂/၀)မိုင် ခင်းခြင်း၊ ဘန့်ဘွေးကုန်း-ထီးမယ်ဘော ကျေးရွာချင်း ဆက် မြေသားလမ်း (၄/၅)မိုင် ဖောက်လုပ်ခြင်း၊ ညောင်ကုန်း-အီဟယ်ကျေးရွာချင်းဆက် (၂/၀)မိုင် ကတ္တရာ ခင်းခြင်း၊ တကောင်ဘိုး(အထက)တွင် ဆရာ၊ ဆရာမများ နေထိုင်ရန် တန်ဖိုးနည်းအိမ်ရာ လေးလုံး တည်ဆောက်ခြင်း၊ အထက(ဒုံရင်း)တွင် (၆၀x၃၀) ပေ RC တစ်ထပ် ကျောင်းဆောင်နှင့် အမက(နိုင်းကြာ)တွင် (၆၀x၃၀)ပေ RC တစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးပြီး နယ်စပ်ဒေသ ဖွံ့ဖြိုး ရေးစီမံကိန်းဝင် ကျေးရွာများဖြစ်သည့် ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကျေးရွာပေါင်း ၅၆ ရွာအနက်မှ လျှပ်စစ်မီး သွယ်တန်းရန်ခက်ခဲသည့် ကျေးရွာများသို့ လတ်တလော တွင် လျှပ်စစ်မီးလင်းရေးအတွက် နေရောင်ခြည်စွမ်းအင် သုံး ဆိုလာ အစုံ ၃၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်