ကယားပြည်နယ်ရှိ ဘုန်းကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်း

လွိုင်ကော်၊ နိုဝင်ဘာ ၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းကြီးကျောင်းများရှိ သံဃာတော်များ ဆွမ်း၊ ကွမ်း အဆင်ပြေ စေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျှက်ရှိသည်။
    ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ ဖရူဆိုမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလှိုင်ဝင်းနှင့် ဝန်ထမ်းများ သည် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ဖရူဆိုမြို့နယ် မြို့မ အုပ်စု လောခုခူ ကျေးရွာ ဘုန်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအတွက် ဆန် ၊ ဆီ ၊ဆား နှင့် ကုလားပဲများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post Paragraph