လဟယ်မြို့၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်စာမေးပွဲဖြေဆို

လဟယ်၊  စက်တင်ဘာ ၂၅ ရက်
    လဟယ် စက်တင်ဘာ ၂၅ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်းအမှတ်စဉ် (၁၀)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)အတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီတွင် လဟယ်မြို့ အ.ထ.က ကျောင်း၌ ဖြေဆိုသည်။
    အဆိုပါ ဝင်ခွင့်ဖြေဆိုရာတွင် နာဂဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်းအမှတ်စဉ် (၁၀) အတွက် ဝင်ခွင့်ဖြေဆိုသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၂၅ ဦးနှင့်  ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)အတွက် ဝင်ခွင့်ဖြေဆိုသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၂၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ထိုသို့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေမှုကို နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသ အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့ဝင်တို့က လာရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။ 
    ထို့နောက် ဝင်ခွင့်ဖြေဆိုရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ နှစ်ဘာသာကို ဖြေဆိုကြမည် ဖြစ်ပြီးရေးဖြေစာမေးပွဲ အောင်မြင်သူများကို စက်တင်ဘာလ ၂၈ ရက်မှ ၂၉ ရက်အထိ လူတွေ့ စစ်ဆေးသွားမည်ဖြစ်ကာ ပညာရေးတက္ကသိုလ် B.Ed သင်တန်းအတွက် ၈ ဦး၊ အရန် ၂ ဦး၊ ပေါင်း ၁၀ ဦး၊ ဒီဂရီကောလိပ်သင်တန်းအတွက် ၈ ဦး၊ အရန် ၂ ဦး၊ ပေါင်း ၁၀ ဦးတို့ကို ရွေးချယ်စေလွှတ် သွားမည်ဖြစ်ကြောင်း သိရသည်။