လွိုင်လင်ခရိုင်အတွင်း နယ်စပ်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၉၀% ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု

လွိုင်လင်၊ ဇန်နဝါရီလ ၁၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့ ရပ်ကွက်(၂)ရှိ စွန်းလွန်း ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်တွင် (၆၀x၃၇x၂၄)ပေ RC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း လုပ်ငန်း ၉၀% ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်နှင့် လွိုင်လင်ခရိုင် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ် ဆေးသည်။
    အဆိုပါကျောင်းဆောင်သစ် ဆောင်ရွက်ပြီးစီးပါက ပင်လုံမြို့၏ ဗုဒ္ဓဘာသာ သာသနာစည်ပင် ပြန့်ပွားရေးလုပ်ငန်းများအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး စွန်းလွန်းဝိပဿနာကမ္မဋ္ဌာန်း ကျောင်းတိုက်ရှိ ရဟန်း၊ သံဃာတော်များအနေဖြင့် ယင်းကျောင်းတိုက်တွင် အေးချမ်းစွာ သီတင်းသုံး၍ ဝိပဿနာကမ္မဋ္ဌာန်းတရားတော်များ စီးဖြန်းအားထုတ်နိုင်တော့မည်ဖြစ်ကြောင်း၏ သတင်းရရှိပါသည်။

Post Paragraph