နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)၌ စကားရည်လုပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပရာ ကျောင်းအုပ်ကြီး ဦးထိန်လင်းက နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်၊ လူရွယ်များ ဖြစ်လာစေရန် စာများများဖတ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စကားရည်လုပြိုင်ပွဲ ဆက်လက်ကျင်းပရာ "ရိုးသားမှုရှိခြင်းသည် ပို၍ ကောင်းသည်"၊ "ကြိုးစားမှုရှိခြင်းသည် ကောင်းသည်"၊ "လူတော်သည် တိုင်းပြည်အတွက် အကျိုးပြုသည်"၊ "လူကောင်းသည် တိုင်းပြည်အတွက် အကျိုးပြုသည်"၊ " ပညာကအရေးကြီးသည်" နှင့် ဥစ္စာကအရေးကြီးသည်" ခေါင်းစဉ်များဖြင့် ကျောင်းသားကျောင်းသူ ၂၀ ပါဝင်သည့် အဖွဲ့ခြောက်ဖွဲ့က ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသူများအား ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးသည်။
လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ မြို့နယ်အသီးသီး၌ ကျင်းပ
Post Paragraph
Paragraph Images