ကရင်ပြည်နယ် ဘားအံမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)၌ အောက်တိုဘာ ၂၃ ရက်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက လူငယ်များနှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ်လူငယ်များမျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး စသည့် ခေါင်းစဉ်များ ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်း က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်များဖြင့်လည်းကောင်း အသိပညာပေး ဆွေးနွေးကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
စကားပြောပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)မှ ကျောင်းသား၊ကျောင်းသူများ နှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်းသိရသည်။
ချမ်းမြေ့