"လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၇
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် ''လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး''ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ကျင်းပသည်။
ဟောပြောပွဲသို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးထံ အားကစားပစ္စည်းများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)ထံ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) က"လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး'' ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များအား မေးမြန်းကြရာ စာတမ်းရှင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိ သည်။
 

Post Paragraph