မြစ်ကြီးနား နိုဝင်ဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (မြစ်ကြီးနား) သင်တန်းခန်းမ၌ ယနေ့ နံနက် ၈ နာရီ မျက်စိနာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ဒေါ်လှိုင်လှိုင်ဌေးက လတ်တလောဖြစ်ပွားလျက်ရှိသော မျက်စိနာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ကာကွယ်ရန်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် တက်ရောက်သူ ၈၀ ခန့်ရှိကြောင်း သိရသည်။
အလားတူ အမှတ်(၂) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (မြစ်ကြီးနား)တွင်လည်း ယနေ့ နံနက် ၉ နာရီ က မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ဦးစိုးသန်းက အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)