မြေပုံ Software နှင့်GIS အသုံးပြုနည်း ဆင့်ပွါးသင်တန်း ဖွင့်လှစ်

ကျိုင်းတုံ၊ ဇွန်လ ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးခွဲ(ကျိုင်းတုံ)သည် ပြည်နယ်ခွဲရုံးနှင့် ကွပ်ကဲ မှုအောက်ရှိ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်း များအား  မြေပုံ Software နှင့်GIS အသုံးပြုနည်း ဆင့်ပွါးသင်တန်း ဖွင့်လှစ် သင်ကြားပေးခြင်း အခမ်းအနား ကို ၂၀၂၂ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 
အဆိုပါသင်တန်းသည် သင်တန်းကာလ(၂)ပတ်ခန့် ကြာမြှင့်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် မြေပြင်အချက်အလက်တိကျမှန်ကန်စွာ ကောက်ယူစုဆောင်းခြင်းဖြင့် လုပ်ငန်းများ အားပိုမိုထိရောက်အောင်မြင်စွာအကောင်အထည်ဖော်နိုင်စေရန်အတွက်ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။
 

Post Paragraph