
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နမ့်ဟိုင်း-ဟောင်းကန်-ဆိုက်ခေါင်လမ်း၌ မြေသားလမ်းဖောက်လုပ်မှုနှင့် Box Culvert ငါးစင်း တည်ဆောက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၈ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(လားရှိုူး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၃၂ ဒသမ ၄၅၀ သန်းဖြင့် ဆောင်ရွက်သည့် မန်တုံမြို့နယ် နမ့်ဟိုင်း-ဟောင်းကန်-ဆိုက်ခေါင်လမ်း၌ အရှည် ၂ မိုင် ၄ ဖာလုံရှိသည့် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်၌ Box Culvert ငါးစင်း တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

