မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်

   မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
    ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး ဟောပြောပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို ပြသပေးကာ အဆိုပါ ရုံးဝန်ထမ်းများအား လက်တွေ့ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

Post Paragraph