မိုင်းဆတ်မြို့နယ်ရှိ အဲန်းလူမျိုးများနေထိုင်ရာဒေသ၌ ကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏  ၂၀၂၁-၂၀၂၂ (၆လ) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြု ရန်ပုံငွေကျပ် ၁၇၀ ဒသမ ၇၁၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဝမ်ပြန့်-ဝမ်အင်(အင်)ကျေးရွာချင်းဆက်လမ်း ၁/၀ မိုင် ကျောက်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။
    အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရှိ ပျောက်ကွယ်လုနီးပါးရှိနေသည့် အဲန်းတိုင်းရင်းသားလူမျိုးစုများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph