နေပြည်တော်၊ အောက်တိုဘာလ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း ဆွမ်း၊ ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးနှင့် အခြားဘာသာရေးကိစ္စများ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မိုင်းပန်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် ဝန်ထမ်းများသည် မိုင်းပန်မြို့နယ် ကျောင်းထမ့် ၃ မိုင် ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။