ဇွန်လ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း/ တံတားလုပ်ငန်းများအား စဉ်ဆက် မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၁၀၈ ဒသမ ၉၆၂ သန်းဖြင့် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ဝမ်လုံ - အေးစံလမ်းပေါ်ရှိ နမ့်မန်းချောင်းကူး ၄၀ ပေ သံကူကွန်ကရစ် တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် ဌာနတွင်း ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။
အဆိုပါ နမ့်မန်းချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် မိုင်းပျဉ်း မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာ၊ အိမ်ခြေ ၉၇၅ အိမ်၊ လူဦးရေ ၅၄၅၈ ဦးတို့အတွက် သွားလာရေး အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရှိရသည်။