မြို့နယ်ချင်းဆက်လမ်းပေါ်၌ ပေ ၇၀ ဘေလီတံတား ရာနှုန်းပြည့်ပြီးစီး

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ပဉ္စမအကြိမ် အိန္ဒိယသမ္မတနိုင်ငံ အထောက်အပံ့ရန်ပုံငွေကျပ် ၂၀၆ ဒသမ ၇၇၇ သန်း ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်-လေရှီး မြို့နယ်ချင်းဆက် လမ်း ၂၂၅ မိုင် ၄ ဖာလုံ အနက် ဖောက်လုပ်ပြီးမြေလမ်း ၁၁၇ မိုင် ပေါ်တွင် တီတီချောင်း၌ ပေ ၇၀ နှစ်လွှာတစ်ထပ် ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
    အဆိုပါတံတားအား စာရာမေရိမိသားစု ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ပြီး ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်၍ မိုးတွင်းကာလ၌ ဒေသခံပြည်သူများ တံတားပေါ်မှ ဖြတ်သန်းသွားလာနိုင်တော့ မည်ဖြစ်သည်။ တံတားတည်ဆောက်ပေးခြင်းဖြင့် ဒေသခံကျေးရွာ ၉ ရွာ မှ အိမ်ခြေ ၂၂၄၇ အိမ်၊ လူဦးရေ ၁၁၂၄၈ ဦး တို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

Post Paragraph