မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ ဆွမ်း၊ ကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး လှူဒါန်းလျက်ရှိရာ ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေစီနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် ကျိုက်မရောမြို့ အောင်သုခရပ်ကွက်ရှိ ရတနာဘုမ္မိတပ်ဦးကျောင်းတိုက်ဆရာတော်ထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
 

Post Paragraph