
မော်လမြိုင် စက်တင်ဘာ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်း ကာလ ဆွမ်းကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဝဲပျံစာသင်တိုက် ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား နှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Post Paragraph
Paragraph Images

