မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ ၊ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဆွမ်းကွမ်း အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊  ပဲ  အမယ်လေးမျိုးဆက်ကပ် လှူဒါန်း လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ အင်အားဖြည့် အစားအစာများကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ထောက်ပံ့လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုး တို့သည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပဏ္ဍိတာရာမရွှေတောင်ကုန်း ကျောင်းတိုက် ဆရာတော်ကြီးထံသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသော  ဆွမ်းဆန်တော်၊ ဆီ ၊ ဆား နှင့် ပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Post Paragraph