မတ်လ ၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၁၆.၀၇၇ သန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နန်းယွန်း-ပန်ဆောင် လမ်း (၂/၀) မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများသည် ယနေ့ တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
နန်းယွန်း-ပန်ဆောင်လမ်းပိုင်းသည် (၃၅) မိုင်ရှိ၍ ယခုနှစ်တွင် အဆိုပါ ကျောက်လမ်း (၂) မိုင် အပြီးသတ်ခင်းခြင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် နန်းယွန်း-ပန်ဆောင်လမ်း (၃၅) မိုင်ပေါ်ရှိ ကျေးရွာနေ ပြည်သူများ၊ နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်မြို့နယ်ရှိ အိမ်ခြေ (၂၈၉၉) အိမ်၊ လူဦးရေ (၁၈၆၈၆) ဦး တို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှု စီးပွား ဘဝများမှာ ယခင်ကထက် ပိုမိုအကျိုးပြု ကောင်းမွန်လာလျက် ဒေသဖွံ့ဖြိုး တိုးတက်လာတော့ မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။