နောင်တရား မေ ၁၆
လျှပ်စစ်မီးသွယ်တန်းရန်ခက်ခဲသည့် တောင်ပေါ် ဒေသဖြစ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသမှ မြို့နှင့် ဝေးလံသည့် ကျေးရွာ ခုနစ်ရွာ၌ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ ၁၇၉ စုံကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ မေ ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်သည်။
မွှေးပြင်ကျေးရွာအုပ်စုအတွင်းရှိ ခြေနားကျေးရွာ အတွက် ဆိုလာ အစုံ ၄၀၊ ညောင်ချဉ်မြောက်ကျေးရွာ အတွက် ၂၂ စုံ၊ ညောင်ချဉ်အရှေ့ကျေးရွာအတွက် ၁၅ စုံ၊ မွှေးပြင်ကျောင်းနားကျေးရွာအတွက် ၁၇ စုံ၊ မူးယားမြောက်ရွာအတွက် ၂၃ စုံ၊ ညောင်ချဉ်တောင် ကျေးရွာအတွက် ၃၇ စုံနှင့် မူးယားတောင်ကျေးရွာ အတွက် ၂၅ စုံဖြင့် စုစုပေါင်း ကျေးရွာ ခုနစ်ရွာရှိ အိမ်ထောင်စုပေါင်း ၁၇၉ စုအတွက် နေရောင်ခြည် စွမ်းအင်သုံးဆိုလာ ၁၇၉ စုံကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် Super Mighty ကုမ္ပဏီက တာဝန်ယူ၍ တပ်ဆင်ပေးမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်စောအောင်၊ နောင်တရားမြို့ အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ ဟိုပုံးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးစောသန်းဌေးတို့က မူးယားမြောက်ကျေး ရွာသို့ မေ ၁၆ ရက်က သွားရောက်ထောက်ပံ့ပေးအပ် ခြင်းဖြစ်သည်။
ခွန်အောင်(နောင်တရား)