နောင်တရားဒေသအတွင်းရှိ ကျေးရွာများအတွက် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ ၁၇၉ စုံ ထောက်ပံ့ ကျေးရွာခြင်းဆက်လမ်း ကျောက်ချောခင်းကျင်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ပင်လောင်း မေ ၁၆

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ပြီး ကျေးလက်နေပြည်သူ လူထုများ သွားလာမှုပိုမိုအဆင်ပြေစေရန် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဝါးလီးကျေးရွာနှင့်တောင်လေးကျေးရွာ ကျေးရွာခြင်းဆက်လမ်း(၄)မိုင်အား ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေဖြင့် ကျောက်ချောလမ်း(၂)မိုင်နှင့်ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ချောလမ်း(၂)မိုင် ကျောက်ချောခင်းကျင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။

လုပ်ငန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ဟိုပုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ အဆိုပါလမ်းသည် ဝါးလီးကျေးရွာမှ တောင်လေး၊ ဝါးပြုံး၊ ဟံးအဲဉ်၊ ထီဗိကျေးရွာသို့ သွားရောက်နိုင်သည့် ကျေးရွာခြင်းဆက်လမ်း ဖြစ်ကြောင်းသိရသည်။

Post Paragraph