နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် လူထုအခမ်းအနားနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်အားပေး

လွိုင်ကော် ဇန်နဝါရီ ၁၅
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် လူထုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်နယ် ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်နေ့ အထိမ်းအမှတ် လူထုအခမ်းအနားသို့ တက်ရောက်လာကြသူများသည် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၁) နှစ်မြောက်ကယား ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ဖတ်ကြားသည်။
ကယားပြည်နယ်နေ့ မိန့်ခွန်းမြွက်ကြား
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့မိန့်ခွန်း မြွက်ကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးတို့က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသူများကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း၊ (၇၁)နှစ်မြောက် ကယားပြည်နယ် နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများကို ဂုဏ်ထူး ဆောင်လက်မှတ်နှင့် ဆုပစ္စည်းများချီးမြှင့်ခြင်း၊ အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ထူးချွန်ဆု ရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ဖွင့်လှစ်သော သင်တန်းများနှင့် တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ကြရာ ဆုရရှိသူများက လက်ခံရယူကြသည်။

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် သဘာပတိများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် အတူစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် လူထုအခမ်းအနား သို့ တက်ရောက်သူများ ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
နှုတ်ခွန်းဆက်စကား ပြောကြား
ယင်းနောက် (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဧည့်ခံ ဖျော်ဖြေပွဲကို ညနေ ၆ နာရီ တွင် ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းရင်းသားရိုးရာ အကအဖွဲ့၊ တေးဂီတအဖွဲ့တို့က တိုင်းရင်းသား အကများ၊ တေးသံသာများဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ကြသည်။
တိုင်းရင်းသားရိုးရာအကအဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများထံသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က လက်ဆောင် ပစ္စည်းများကို နေရာအရောက်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် စောဒန်နီယယ်က တိုင်းရင်းသား ရိုးရာအကအဖွဲ့များကို ဂုဏ်ပြု ပန်းခြင်းပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က တိုင်းရင်းသား အကအဖွဲ့များ၊ တီးဝိုင်းအဖွဲ့ များနှင့်တူယှဉ်နွှဲပျော်ဂီတပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်သီဆိုခဲ့သည့် အဆိုရှင်များကို ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
 

Post Paragraph
video-upload