နန်းဖဲ-တော်ခူ-ကေကော်ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး

    ကယားပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေကျပ် ၂၂၄ ဒသမ ၉၈၈ သန်းဖြင့် ဖရူဆိုမြို့နယ် သိုသီးဖိုကျေးရွာအုပ်စု နန်းဖဲ-တော်ခူ-ကေကော်ကျေးရွာချင်းဆက် လမ်းသည် မြေလမ်းအရှည် ၃၂ မိုင် ၁ ဖာလုံရှိပြီး ၂၅ မိုင် ၆ ဖာလုံ ကျောက်လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ယမန်နှစ်အထိ ဆောင်ရွက်ပေးခဲ့ပြီး ကျန် ၆ မိုင် ၃ ဖာလုံအနက်မှ ၂ မိုင်အား ကျောက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလအတွင်းနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည်။
    အဆိုပါ ကျေးရွာချင်းဆက်လမ်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၁၄၇ အိမ်၊ လူဦး‌ရေ ၉၀၀ တို့အား စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် အကျိုးပြုမှုရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၏ အဓိကဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ‌တော် ဖြစ်လာရေးသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးမှ တစ်နိုင်ငံလုံး အတိုင်းအတာလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Post Paragraph