နေပြည်တော် ဩဂုတ် ၁၂
အစိုးရသစ်၏ ပထမ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲအား ယနေ့ နေ့လည် (၁) နာရီအချိန်တွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (၃) ခုမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဝန်ကြီးဌာန ပြောခွင့်ဆိုခွင့်ရ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
Post Paragraph
Paragraph Images