၁။ ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပါမည်။
၂။ ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော တို့တာဝန်အရေးသုံးပါးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ပါမည်။
၃။ ကျွန်ုပ်တို့သည် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ နိုင်ငံတော်ကို တည်ဆောက်သူများ ဖြစ်အောင် ကြိုးစားအားထုတ်ပါမည်။
၄။ ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ပေးအပ်သော တာဝန်နှင့်ဝတ္တရား များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်ဟု အလေးအနက် အဓိဋ္ဌာန်ပြုပါ၏။