နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် (JICA) ရုံးချုပ်မှ Senior Advisor ဖြစ်သူ Mr. Naomichi MUROOKA အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာလ ၁၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် (၁၂-၉-၂၀၁၆) ရက်နေ့နံနက် (၁၁) နာရီအချိန်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရုံးချုပ်မှ Senior Advisor ဖြစ်သူ Mr. Naomichi MUROOKA အား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံအစိုးရ၏ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ အရှေ့တောင်ဘက်ရှိ တိုင်းရင်းသားလူမျိုးစုများအား ထောက်ပံ့ကူညီပေးရန်အတွက် ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

 

Post Paragraph