နေပြည်တော်၊ အောက်တိုဘာလ ၁၇ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်တွင် ကျောင်းပိတ်ရက်ကာလ လေ့ကျင့်ချိန်များတွင် အိပ်ဆောင်လိုက် (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်းရှိ ဘော်လီဘော အားကစားကွင်း၌ ကျင်းပသည်။ အဆိုပါ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၁၀ ရက်မှ ၁၇ ရက်ထိ ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့်အသင်းများနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များက တံခွန်စိုက် ဆုဖလား၊ နေရာအလိုက် အကောင်းဆုံးဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များ၊ ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။