ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန် ကျောင်းပိတ်ရက်ကာလ လေ့ကျင့်ချိန်အတွင်း စွမ်းရည်ပြိုင်ပွဲများကျင်းပ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်တွင် ကျောင်းပိတ်ရက်ကာလ လေ့ကျင့်ချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်စွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အင်္ဂလိပ်စာစွမ်းရည် တင်ဆက်ခြင်း ကို အောက်တိုဘာ ၁၈ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊  စကားရည်လုပွဲကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း ကျောင်း၏ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 
    အခမ်းအနားတွင် ကျောင်းအုပ်ကြီးက အမှာစကား ပြောကြားပြီး အင်္ဂလိပ်သီချင်း သီဆိုခြင်း၊ စကားဝိုင်းဆွေးနွေးခြင်း၊ Talk Show တင်ဆက်ခြင်းနှင့် တစ်ဦးချင်းစွမ်းရည် ဖော်ထုတ် ပြသခြင်း စသည့် အစီအစဉ်များကို တင်ဆက်ခဲ့ကြသည်။ စကားရည်လုပွဲအခမ်းအနားတွင် သတ်မှတ်ထားသည့် ခေါင်းစဉ်များကို အဆိုတင်သွင်းခြင်း၊ အဆိုကို ပြန်လည်ချေပခြင်းတို့ကို အဖွဲ့လိုက်ယှဉ်ပြိုင်ကြသည်။  ဆက်လက်၍ ဆုရရှိသည့် အဖွဲ့များကို ဆုချီးမြှင့်ပေးသည်။
     အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

Post Paragraph