လားရှိုးမြို့၊ ကျိုင်းတုံမြို့နှင့် ခန္တီးမြို့တို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းများ၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့်အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄)နှင့် အမှတ်စဉ်(၅) ဖွင့်ပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် စစ်ကိုင်းတိုင်း ‌ဒေသကြီး၊ ခန္တီးမြို့ တို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ ပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူး၊ ဒုတိယတိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
    ဦးစွာ တိုင်းမှူး၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်အမှာစကားများ အသီး သီးပြောကြားကြပြီး သင်တန်းမှ တာဝန်ရှိသူများက နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသ များ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် မူဝါဒ(၄)ရပ်နှင့်အညီ အဆိုပါသင်တန်းအား အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ သင်တန်းပို့ချမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
    ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား Mask များနှင့် ထောက်ပံ့ ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်တန်းကျောင်း၌ ခင်းကျင်း ပြသထားသည့် အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း ထုတ်ကုန်ပစ္စည်းများနှင့် သင်ထောက်ကူ ပစ္စည်းများအား လိုက်လံ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post Paragraph