နယ်စပ်ရေးရာဝန်ကြီးဌာနက မိတ္ထီလာမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်ဥများ ဆက်ကပ်လှူဒါန်း

    နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ဝါတွင်းကာလ ဝါဆို ဝါကပ်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်ဥများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
    ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့နယ်၊ ထမုန်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာ၊ ညောင်ပင်သာဓမ္မာရုံ ရတနာကျောင်းတိုက်သို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ သွားရောက်၍ ဆရာတော်၊ သံဃာတော်၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph