၁။ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Japan Myanmar Association တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၃ သန်းဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၃ နှစ် သက်တမ်းရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများမှ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်းသင်တန်းသား/သူများကို ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ဂျပန် ဘာသာစကားသင်တန်းဖွင့်လှစ်ပေးခြင်းစီမံကိန်းအား ၁၃-၉-၂၀၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာအရ သင်တန်း ၁ ကြိမ်လျှင် သင်တန်း သူ ၂၅ ဦး၊ သင်တန်းကာလ ၆ လဖြင့် စီမံကိန်းကာလအတွင်း သင်တန်း ၅ ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး XY Max Co.,Ltd (Japan) ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။
၂။ သင်တန်းအမှတ်စဉ် (၁) ကို ၁၃-၁-၂၀၂၀ ရက်နေ့မှစ၍ ရန်ကုန်မြို့၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၄-၃-၂၀၂၀ ရက်နေ့မှ ၂၀-၇-၂၀၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် သင်တန်း ၃ လခန့် ခေတ္တရပ်နားထားခဲ့ရာ ၂၁-၇-၂၀၂၀ ရက်နေ့မှစ၍ Online စနစ်ဖြင့်ပြန်လည်သင်ကြားပို့ချပေးခဲ့ပါသည်။ ၂၇-၁-၂၀၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ပြန်လည်စုစည်းခေါ်ယူကာ ရက်သတ္တ ၇ ပတ်ခန့် သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ သော်လည်း အင်တာနက်လိုင်း ပြတ်တောက်မှုများကြောင့် ၂၅-၃-၂၀၂၁ ရက်နေ့တွင် သင်တန်းသူ ၂၃ ဦးအား မိဘနေရပ်ထံသို့ ခွင့်ပြန်စေလွှတ်ထားပြီး သင်တန်းအား ခေတ္တရပ်နားထားခဲ့ရာ MoU သက်တမ်းကုန်လွန်ခဲ့သည့် ၁၂-၉-၂၀၂၂ ရက်နေ့အထိ သင်တန်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိပါ။