ဗဟိုလေ့ကျင့်ရေးကျောင်းအား အောက်ပါ ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားရှိပါသည်-
၁။ နယ်စပ်ရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာန(၂)ခုနှင့် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ အရာထမ်း၊ အမှုထမ်းများအား လုပ်ငန်း စွမ်း ဆောင်ရည် မြင့်မားသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်။
၂။ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် မိမိတို့၏ ရာထူး အဆင့်နှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေ ရန်။
၃။ တာဝန်ယူရမည့် အဖွဲ့အစည်း၏ ဥပဒေ၊ မူဝါဒ၊ လမ်းညွှန်ချက်များသိရှိပြီး လုပ်ငန်း တာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန်။