မိုင်းဖြတ် ဇွန် ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် ကမ္ဘောဇ ဘဏ်(KBZ)နှင့် ရှမ်းပြည်နယ် ကိုဗစ်-၁၉ စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီတို့မှ လှူဒါန်းသည့် အခြေခံ စားသောက်ကုန်လေးမျိုးကို နမ့်ယွန်းကျေးရွာအုပ်စုနှင့် နမ့်ပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ဇွန် ၁၄ ရက်က ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြန့်ဝေပေး
ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားကိုနှင့် နမ့်ယွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒံယေလှ၊ ရပ်/ကျေးစာရေး ဦးရွှေဘတို့နှင့်အတူ နမ့်ယွန်းကျေးရွာ အုပ်စုအတွင်းရှိ နမ့်ယွန်း၊ မက်မွန်ကျယ်၊ နမ့်ဟိုင်း၊ ဝမ်ပုံစခန်း၊ ဖပဲကို၊ ပန်ကြူ စသည့်ကျေးရွာများမှ ပုံမှန် ဝင်ငွေမရှိသည့် အိမ်ထောင်စု ၃၈ စုတို့ကို ဆန်၊ ဆီ၊ ကုလားပဲ၊ ဆားတို့ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်ဖြန့်ဝေပေးခဲ့
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် နမ့်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြားယော်၊ ရပ်/ကျေးစာရေး ဦးလော်တားတို့နှင့်အတူ ကျေးရွာအုပ်စုအတွင်းရှိ ဟွေပါကူ (ပေါ်)၊ မဟီကောင်သစ်၊ ရှဲန်ဖုန်း(၁၊၂)၊ မိုင်းဝီး၊ ထောကြူ၊ နမ့်ယန်းလုံ(၁၊ ၂)၊ နမ့်ဝိုးထောင် စသည့် ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)