မိုင်းတုံ မေ ၂၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်အုပ်စု၊ ပုံတောင်းကျေးရွာရှိ အိမ်ထောင်စု (၆၆) စုအား နတလမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးမှုကို မေ ၂၃ ရက်နေ့ နံနက် ၁၁း၀၀ နာရီက ပုံတောင်းကျေးရွာရှိ အုပ်စုခန်းမတွင်ကျင်းပသည် အဆိုပါအခမ်းအနားတွင် မိုင်းတုံမြို့နယ်l နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာမင်းကမိမိတို့ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား ကျေးရွာနေ ပြည်သူ့များသိရှိစေရန် ရှင်းလင်းပြီးနောက် ပုံတောင်းကျေးရွာမှ အိမ်ထောင်စု(၆၆)စုအား အိမ်ထောင်စုတစ်စုလျှင် ဆိုလာနှင့်ဆက်စပ်ပစ္စည်းတစ်စုံ၊ ဖန်ချေားင်းတစ်ချောင်းကြိုးပါတစ်စုံl မီးလုံးနှစ်လုံးကြိုးပါတစ်စုံတို့ ပေးအပ်ရာစုစုပေါင်း (၆၆)စုံ ပေးအပ်ခဲ့သည်။ ၄င်းပစ္စည်းများကို အိမ်အရောက်သွားရောက်တပ်ဆင်ပေးပြီး အသုံးပြုပုံl အသုံးပြုနည်းများကိုပါ ရှင်းလင်းပေးခဲ့ကြောင်းသိရှိရသည်။
IPRD /မိုင်းတုံ