နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက အောက်တိုဘာ ၇ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၆၂ ဒသမ ၂၆၇ သန်းဖြင့် Global Silver ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခို-ကျောက်ကြီး ကျေးရွာအုပ်စုချင်း ဆက်လမ်း ၈ မိုင်အနက် ၁ မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးသည်။

          အဆိုပါ ဟိုခို-ကျောက်ကြီး ကျေးရွာအုပ်စုချင်းဆက်လမ်းတွင် ဆောင်ရွက်ပြီးစီးသည့် လမ်းလုပ်ငန်းများအနေဖြင့် ခြောက်လက်မထု အခြေခံလွှာ ၁၄ ပေ အကျယ်ခင်းခြင်းလုပ်ငန်း၊ ခြောက်လက်မထု အခြေခံလွှာ ၁၂ ပေ အကျယ်ခင်းခြင်းလုပ်ငန်း၊ နှစ်လက်မထု အပွန်းခံလွှာ ခင်းခြင်းလုပ်ငန်း၊ လမ်းတစ်ဖက်လျှင် ၄ ပေစီရှိသည့် ၁၂ လက်မထုကျောက်ရောမြေ လမ်းပခုံးခင်း ခြင်းလုပ်ငန်း၊ လမ်းဘေးနှစ်ဖက်ရေမြောင်းအပါ စုစုပေါင်းလမ်းအကျယ် ၃၂ ပေနှင့် Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Post Paragraph