နယ်စပ်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက်တွင် ကွင်းဆင်း စစ်ဆေးကြောင်း အဆိုပါဌာနမှ သိရသည်။
    ထိုသို့ကွင်းဆင်းရာတွင် ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ် ရန်ပုံငွေကျပ် ၁၄၁ ဒသမ ၆၈၆ သန်းဖြင့် တင်ဒါအောင်မြင်သော Success Smart Group ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် နောင်ချိုမြို့နယ် အင်းမ-ဘန့်ဘွေးကျင်း-ရေတံခွန်လမ်းကြောင်း (၆/၅)မိုင် အနက် အရှည်တစ်မိုင်ကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို စစ်ဆေးကြရာ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
    အဆိုပါလမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ဒေသတွင်းရှိပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း၊ ကျန်လမ်းပိုင်း များကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျောက်မဲခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သတင်းရရှိပါသည်။

Post Paragraph