နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လားရှိုး၊ ဒေသဖွံ့ဖြိုးရေး
    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ နယ်စပ်‌ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၁၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးသည်။
    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းတို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မန်တုံမြို့နယ် လမ်းဆုံ-ဟင်လိုင်း-လုံကန်-ဝိန်းကျောင်း အရှည် ၁၅ မိုင်အနက် အရှည် ငါးမိုင်ကို မြေသားလမ်းဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert ၁၅ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    အဆိုပါမြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက နယ်စပ်ဒေသ တိုင်းရင်းသားပြည်သူများအနေဖြင့် မန်တုံမြို့မှတစ်ဆင့် အခြားမြို့များသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်တော့မည်ဖြစ်ရာ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 

Post Paragraph