
မောင်တော၊ နိုဝင်ဘာ ၂၂ ရက်
ရခိုင်ပြည်နယ် မောင်တောမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၃၃) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း က (၃၃) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်နေ့ဖြစ်ပေါ်လာပုံများနှင့် အသိပညာ ဗဟုသုတ များအား အသိပညာပေးဟောပြောသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မောင်တောခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား၊ ကျောင်းသူများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတွင်ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဥပဒေပါ အခွင့်အရေးများ၊ အသက် ၁၈ နှစ်အောက်ကလေးများ ပြစ်မှုကျူးလွန်မိခဲ့လျှင် ဥပဒေမှအကာအကွယ် ပေးထားသောအခွင့်အရေးများ၊ မိမိအပေါ်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများမပြုကျင့်ရအောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မိမိအပေါ်တွင်သော်လည်းကောင်း၊ မိမိ ပတ်ဝန်းကျင်မှာသော်လည်းကောင်း၊ ကလေးသူငယ်များအပေါ်အကြမ်းဖက်မှုများ လွဲမှားစွာ ပြုကျင့်မှု များအားသိရှိလျှင် ဆက်သွယ်အကူအညီတောင်းခံရမည့် ဌာနအဖွဲ့အစည်းများ၊ ဥပဒေပါ ပြစ်မှုပြစ်ဒဏ် များအား ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရေးအတွက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်း အုပ်ဆရာကြီး ဦးစစ်အောင်က ကျေးဇူးတင်စကားပြောကြားပြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းနှင့် စားသောက်ဖွယ် ရာများကို တာဝန်ရှိသူများက ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်ကြောင်းသတင်းရရှိပါသည်။

