နယ်စပ်ရေးရာဝန်ကြီးဌာန ဆဋ္ဌမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ သြဂုတ် ၁၂ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ထမ်းမိသားစုတို့၏ ဆဋ္ဌမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
     ရှေးဦးစွာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော်၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဠဂုရု အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တကဝိသာရထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။  
     အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၀န်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဠဂုရု အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တကဝိသာရထံမှ အနုမောဒနာ တရားတော်များ နာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းကြကြောင်း သတင်းရရှိသည်။

 

Post Paragraph