
ဖေဖော်ဝါရီလ ၁၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့် ၄-၂-၂၀၂၂ ရက်နေ့မှ ၈-၂-၂၀၂၂ ရက်နေ့အထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၄-၂-၂၀၂၂ ရက်နေ့တွင် တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လ အထိ ၆ လ အတွက် ငြိမ်းချမ်းရေးအတွက်တည်ဆောက်မှုလုပ်ငန်းများ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် မိုင်းဆတ်မြို့၊ လွယ်ပါရင် (၂) - မယ်ကြုတ်ကျောက်လမ်း ၁၁ မိုင် ၄ ဖာလုံအနက် ၁ မိုင် ကျောက်လမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်းဆတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ဝန်ထမ်းများအား တွေ့ဆုံ ခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၅-၂-၂၀၂၂ ရက်နေ့တွင် ပုံပါကျင်မြို့၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုင်းလုံမြို့၊ နမ့်ဟူးခွန် - အောင်းလောင်း - ပါချီး ၈ မိုင် လမ်းပေါ်၌ ၄၅ ပေ ကွန်ကရစ်တံတား တည်ဆောက်နေမှုနှင့် မိုင်းဆတ်မြို့ မယ်နင်- ဆိတ်ခြံ ၉ မိုင် လမ်းပေါ်၌ ကျောက်လမ်း ၁ မိုင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၆-၂-၂၀၂၂ ရက်နေ့တွင် မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက် ၍ ကျိုင်းတုံမြို့သို့ ရောက်ရှိပြီး သီလဓမ္မကုန်းသာတောရကျောင်း၌ ဝစီပိတ်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၇-၂-၂၀၂၂ ရက်နေ့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျိုင်းတုံမြို့၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ တုံကွမ်ကျေးရွာအတွင်း နမ့်အောချောင်း ၂၅ ပေ တံတား တည်ဆောက်နေမှု၊ မက်ကျန်း - တုံကွမ်လမ်း ၂၃၁၀ ပေ ကွန်ကရစ်ခင်းခြင်း၊ ကတ်ထိုက် - လွယ်ပန်တောင်း - အင်ဂိုလုံ မြေသားလမ်း ၃၃ မိုင် ၅ ဖာလုံ အနက် ၁ မိုင် ကျောက်ခင်းခြင်းနှင့် ၃၅ ပေ ရေကျော် ၁ ခု တည်ဆောက်ခြင်းလုပ်ငန်း များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျိုင်းတုံမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံခဲ့ပြီး ကျောင်းဝန်း အတွင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ကျိုင်းတုံမြို့နယ် လွယ်မွေကျေးရွာအုပ်စု၊ ပန်ကွဲတောင် ဗုဒ္ဓဥယျာဉ် အပြင်ပတ်လမ်း ၆၅၄၀ ပေအနက် ၃၁၀၀ ပေ ကွန်ကရစ်ခင်းပြီး ကျန် ၃၄၄၀ ပေ အပြီးသတ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကာ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် သတ္တသတ္တာဟမဟာဗောဓိ စေတီတော် နှင့် အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးခွဲ (ကျိုင်းတုံ)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရုံးဝန်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၈-၂-၂၀၂၂ ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ် ကျေးရွာအုပ်စု၊ တောင်ကြီးသွားလမ်းမကြီးမှ မိုင်းပန် ကျေးရွာအထိ ၄ မိုင် ၄ ဖာလုံအနက် ကျောက်လမ်း ၁ မိုင် ခင်းခြင်းလုပ်ငန်းအား လည်းကောင်း၊ ကျိုင်းတုံ - တောင်ကြီးလမ်းမကြီးမှ ပန်မတ်ရွာ အဝင် ၁၃ မိုင်အနက် ၁ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ကျိုင်းတုံမြို့ သောက်သုံး ရေရရှိရေး လုပ်ငန်းဆောင်ရွက်မည့် ရေထွက်နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ သည်။
ဆက်လက်၍ ကျိုင်းတုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။





