နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ်(၅)နှင့် အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်

နေပြည်တော် မေ ၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)နှင့် အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(လားရှိုး) ၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌လည်းကောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ရှိ မြိုင်ကြီးငူအထူးဒေသ၌လည်းကောင်း အသီးသီးဖွင့်လှစ်ကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများ၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ ခင်းကျင်းပြသထားသည့် လက်မှုပညာနမူနာ ပုံစံများအား ကြည့်ရှုအားပေးသည်။
    အဆိုပါသင်တန်းကို အောက်တိုဘာ ၆ ရက်ထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Post Paragraph