နေပြည်တော်၊ စက်တင်ဘာလ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် (၁၉-၉-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းတွင် ရုံးအမှတ်(၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်သည့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်း ရန်ပုံငွေ ကျပ်သန်းပေါင်း (၁၁၇၄၉.၄၉၃) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါများအား ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်နေမှု များအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ တင်ဒါဖွင့်ပွဲအခမ်းအနားကို နံနက်(၁ဝ:ဝဝ) နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ပြီး တင်ဒါစိစစ်ရွေးချယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။