
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တိုင်း ရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသမှ တိုင်းရင်းသူများအား အသက်မွေးဝမ်းကျောင်းပညာ ရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့် ရေးဦးစီး ဌာနနှင့် JapanMyanmar Association(JMA) တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ(MoU) အရ စတင်ဖွင့်လှစ်သည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (သူနာပြု အလုပ်သင်) သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်အခမ်းအနားကို ယနေ့နံနက် ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူ များ၊ Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. WATANABE Hideo၊Secretary General, Mr. WATANABE Yusuke နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
အမှာစကားပြောကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် Japan Myanmar Association (JMA) ဥက္ကဋ္ဌ Mr. WATANABE Hideo က သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက Japan Myanmar Association (JMA) ဥက္ကဋ္ဌထံ သင်တန်းဖွင့်လှစ်ခြင်း အထိမ်းအမှတ်လက်ဆောင် သစ်သီးခြင်းကို ပေးအပ်သည်။
ဆက်လက်၍ Myanmar Sankou Co.,Ltd မှ Managing Director, Mr. Tsuda Shunji က သင်တန်းသူများ သင်တန်းကာလအတွင်း နေထိုင်စားသောက်ရေးအ တွက်ထောက်ပံ့ သည့် ငွေကြေးနှင့် သင်ထောက်ကူပစ္စည်းများစာရင်းကို သင်တန်းသူများကိုယ်စား သင်တန်း သူ နှစ်ဦးထံ လွှဲပြောင်းပေးအပ်သည်။
သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူများ၏ သင်ကြားလေ့ကျင့်မှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယခုဖွင့်လှစ်သည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး(သူနာပြုအလုပ်သင်) သင်တန်း အမှတ်စဉ် (၁) သို့ နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသူများနှင့် ဘိုးဘွားရိပ်သာများတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအနက်မှ ရွေးချယ်သည့် သင်တန်းသူ ၅၁ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တ ၅၂ ပတ် ပြီးမြောက်ပါက ပြည်ပတွင် အလုပ်အကိုင်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်လျက် ရှိသော ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ စီမံခန့်ခွဲရေးသင်တန်း၊ စာရေး ဝန်ထမ်းသင်တန်းတို့၏ သင်ကြားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်