နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် မိတ်ဆုံနေ့လယ်စာစားပွဲ ကျင်းပ

စက်တင်ဘာလ  ၁  ရက်
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိမှတ်ပြုသောအားဖြင့် မိတ်ဆုံနေ့လယ်စာ စားပွဲများအား ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ မွန်းတည့်   ၁၂ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် မိတ်ဆုံ နေ့လယ်စာ စားပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ မိတ်ဆုံနေ့လယ်စာ စားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်၍ ရင်းနှီးခင်မင်စွာ လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Post Paragraph