
နေပြည်တော်၊ ဇန်နဝါရီလ ၂၇ ရက်
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန် ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိမှတ်ပြုသောအားဖြင့် မိတ်ဆုံနေ့လယ်စာ စားပွဲများအား လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ် မိတ်ဆုံနေ့လယ်စာ စားပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မိတ်ဆုံနေ့လယ်စာ စားပွဲသို့ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲ များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် သုံးဆောင်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။