နေပြည်တော်၊ ဒီဇင်ဘာလ ၃၀ ရက်
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုသော အားဖြင့် မိတ်ဆုံ နေ့လယ်စာ စားပွဲများ လစဉ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ၏ တတိယအကြိမ် မိတ်ဆုံစားပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျရာအခန်း ကဏ္ဍအသီးသီး၌ သစ္စာ ရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းသည် ဝန်ထမ်းများ အားလုံး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ ယခုလို မိတ်ဆုံ စားပွဲမှ တစ်ဆင့် မိမိတို့၏လုပ်ငန်း အတွေ့ အကြုံများကို ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် တိုင်ပင်ညှိနှိုင်းဆွေးနွေးနိုင်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပိုမို ကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ဝန်ထမ်းများ အနေဖြင့် ရာထူးအဆင့်အလိုက် ကျရာကဏ္ဍအသီးသီးမှ ညီညွတ်စွာဖြင့် ဝိုင်းဝန်းလက်တွဲ၍ ဆက်လက် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်း နှီးနှီး နှုတ်ဆက်၍ မိတ်ဆုံနေ့လယ်စာအား လက်ရည်တစ်ပြင်တည်း သုံးဆောင်ခဲ့ပါသည်။
အဆိုပါ မိတ်ဆုံနေ့လယ်စာစားပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနအကြီးအကဲများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် မိတ်ဆုံစားပွဲကျင်းပ
video-upload