နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လမ်းတံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိ

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြေသားလမ်း (၁၅/၆) မိုင်၊ ကျောက်လမ်း (၁၁/၂) မိုင်၊ အမာခံလမ်း (၂/၀) မိုင်၊ ကွန်ကရစ်တံတားသုံးစင်း၊ Box Culvert ၆၅ စင်း၊ အရှည်ပေ ၃၅၀ ရှိသည့် ကျောက်စီရေမြောင်းတို့ကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၂၅၇ ဒသမ ၁၁၇ သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
    အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦး နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။
    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာ ၈၁ ရွာမှ လူဦးရေ ၄၂၀၂၅ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများအတွက် လမ်း၊ တံတား၊ ရေရရှိရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာ‌ရေး၊ သာသနာရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။
 

Post Paragraph