နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော်၊ ဩဂုတ်လ  ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၄၂)၊ နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ လျှိုပိတ်ဆည်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက လျှိုပိတ်ဆည် အတွင်းသို့ ရွှေဝါငါးကြင်း နှင့် ငါးမြစ်ချင်း သားပေါက် ကောင်ရေ ၅၀,၀၀၀ အား ငါးမျိုးစိုက်ထည့်ခဲ့ကြပါသည်။
    ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားအား နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားဝန်း အတွင်း ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး တို့ ဦးဆောင်၍ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ မှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်း ၃၀၂ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဝန်ထမ်းများ သစ်ပင် စိုက်ပျိုးနေမှုများကို လည်းကောင်း၊  ပထမအကြိမ် နှင့် ဒုတိယအကြိမ် စိုက်ပျိုးခဲ့ကြသည့် ရတနာတန်းဝင်ပင်နှင့်  အရိပ်ရ လေကာပင်များ၏ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေများကိုလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ ရုံး၊ ကျောင်းများအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ ကာလအတွင်း ပထမအကြိမ်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် ၁၀,၈၆၅ ပင်၊ ဒုတိယအကြိမ်၌ ၉,၅၉၃ ပင် နှင့် တတိယအကြိမ်၌  ၉,၂၆၅ ပင်၊  စုစုပေါင်း ၂၉,၇၂၃ ပင် တို့အား စိုက်ပျိုးပြီးခဲ့ကြောင်းနှင့် ရှင်သန်အောင်မြင် ဖြစ်ထွန်းရေး အတွက်  ထိန်းသိမ်းပြုစု ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload