နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

   နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲ အမယ်လေးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမ‌ဏေများအတွက် ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရန်တိုင်းအောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ရဟန်း၊ သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ကုလားပဲနှင့် ဆီတို့ ဆက်ကပ်လှူဒါန်းခဲ့သည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(‌တောင်ပိုင်း)အတွင်း ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း လှူဒါန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 

Post Paragraph