နယ်စပ်‌‌ရေးရာဝန်ကြီးဌာနက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်း

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သို့ သွားရောက်၍ သံဃာတော်များ၊ စာသင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝါတွင်းကာလတွင် ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

Post Paragraph